လူကြီးတစ်ယောက်တွင် သူအလွန်ချစ်ခင်ရသော ကောင်ကလေးတစ်ယောက် ရှိသည် လူကြီးတစ်သည် နေ့စဉ်အလုပ်မှ ဆင်းပြီး အိမ်ရောက်လျှင် ကောင်ကလေးနှင့် အတူ ကစားလေ့ရှိသည်။ သူ၏ အချိန်ပိုအားလုံးကို ကောင်ကလေးနှင့်အတူ ကစားခြင်းဖြင့် ကုန်လွန်လေ့ရှိသည်။
တစ်ည သူအလုပ်လုပ်နေစဉ် သူတွင်ညနေပိုင်း လုပ်စရာအလုပ်ပို များရှိနေပြီး ကောင်ကလေးနှင့်အတူ ကစားရန်မဖြစ်နိုင်တော့သည်ကို သတိရလိုက်သည်။ သို့သော် ကောင်ကလေး အလုပ်`ရှုပ်နေစေမည့် တစ်ခုခုကို ပေးထားနိုင်ဖို့လိုသည်။ ထို့ကြောင့် သူ၏ `ရုံခန်းအတွင်း ရှဖွေကြည့်ရာတွင် မဂ္ဂဇင်း စာအုပ်တစ်အုပ်၏အဖုံးတွင် ကမ္ဘာ့မြေပုံကြီးတစ်ပုံကို တွေ့လိုက်ရသည်။ သူစိတ်ကူးတစ်ခု ရသွားခဲ့သည်။ ထိုမြေပုံကို သူဖြတ်ယူလိုတ်ပြီး အပိုင်းအစကလေးများအဖြစ် စိတ်ရှည်လက်ရှည် ဖြဲဆုက်လိုက်သည်။ ထို့နောက် အပိုင်းအစ အားလုံးကို သူ၏အပေါ်အင်္ကျီအိတ်ထဲ ထည့်ထားလိုက်သည်။ သူအိမ်သို့ ပြန်ရောက်သောအခါ ကောင်ကလေးက သူ့ထံပြေးလာခဲ့ပြီး ကစားရန် အသင့်စောင့်နေခဲ့သည်။ လူကြီးက သူ့တွင် အလုပ်အပိုများလုပ်ရန်ရှိ၍ ယခုမကစားနိုင်သေးကြောင်း ရှင်းပြလိုက်လေသည်။ ကောင်ကလေးအား ထမင်းစားခန်းထဲသို့ခေါ်သွားကာ မြေပုံစာရွက်အပိုင်းအစလေးများကို ထုတ်ယူပြီး စားပွဲပေါ်သို့ဖြန့်ခင်းချထားလိုက်သည်။ထိုအရာသည် ကမ္ဘာ့မြေပုံတစ်ရွက်ဖြစ်ကြောင်းနှင့် ထိုအစများကို ကောင်ကလေးနေရာတကျ ပြန်စီထားထားနိုင်သည့်အချိန်တွင် သူ၏ အလုပ်အပို များလည်းပြီးပြီဖြစှ်ိ၍ အတူကစားနိုင်ပြီဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ကောင်ကလေးအဖို့နာရီအတန်ကြာအောင်အလုပ်ရူပ်နေမည်မှာ သေချာသည်ဟု သူတွက်ဆထားခဲ့သည်။ နာရီဝက်ခန့်ကြာသောအခါ လူကြီးထံသို့ ရောက်လာပြီး …
'အိုကေ …ပြီးသွားပြီဗျ။ ကျွန်တော်တို့ အခုကစားလို့ရပြီလား ဟု ပြောသည်။
ဒါ မဖြစ်နိုင်အောင်ပဲ ကဲသွားကြည့်ရအောင် ဟု ပြောရင်းတူကြီးအံ့အားသင့်သွားခဲ့သည်။
သေချာပါသည်။ ကမ္ဘာ့မြေပုံကားချပ်သည် အစိတ်အပိုင်းအားလုံး သူ့နေရာနှင့်သူနေသားတကျဆက်စပ်ရှိနေသည်။
အံ့မခန်းပါပဲလားကွ။ ဒါကို မင်းဘယ်လိုလုပ်တာလဲ ဟု လူကြီးကမေးလိုက်လေသည်။
အလွယ်လေးပါဗျ။ စာရွက်ရဲ့ နောက်ကျောမှာက လူတစ်ယောက်ရဲ့ပုံပါတယ်လေ။ လူပုံကို ကျွန်တော်ပြန်ဆက်လိုက်တဲ့အခါမှာ ကမ္ဘာ့မြေကြီးတစ်ခုလုံးလည်း နေရာတစ်ခုလုံးလည်း နေရာတကျသွားတော့တာပေါ့။ ဟု ကောင်လေးက ပြောလိုက်လေသည်။
No comments:
Post a Comment